Sunday, 20 December 2020

အဲဒီလို..အဲဒီလို.....နားမလည်မူများစွာနှင့် Ah Dung

 - ည ၇:၀၀ နာရီထိုးတော့၊ ဂျင်မာ (ဂျင်ဒေါင်း တရုတ်မီးစက်) ၁၈ ကောင် ၊

- ဒိုင်နမို ၈ ကီလို....ကို ဂေါက်သံနဲ့...ကျနေ် ၁၀ ပတ်လောက် ချုပ်ဆွဲဲဲပြီး
- မောင်း (နိုး) လှည့်လိုက်သည်။
- မီးစက်က...နိုးမလို....လိုနှင့်....
" ရူး...ရှူး...ရှူး.".နှင့်....ပြန်ရပ်သွားသည်။
- ဟူး...လူက မောပန်းလာပြီ၊ ဒါမဲ့....မီးစက် မနိုးလို့မရပါ။
- ယခုလို အချိန် (ဒီဇင်ဘာ) ချမ်းအေးတဲ့ ကာလဆိုရင်၊ ဂျင်မာ (ဂျင်ဒေါင်း) မီးစက်တွေက...တော်တော်လည်း စျေးကိုင်တတ်တယ်။
- တခါတလေ အဲယားကလန်ဒါ ၊ အယ်ဇောအနားမှာ အဝတ်စုတ် မီးရှိုုု့ပေးမှ၊ နိုးထ လာတတ်တယ်...ငိငိ။
- များမကြာမီ၊ တစ်ရပ်ကွက်လုံးမှောင်မည်းလာတော့မည်။
- ‌နောက်ထပ် ၁၀ ပတ်ခန့် ....ပြန် လှည့် လိုက်သည်။
"ဒုုန်း...ဒုန်း...ဒုန်း...ဂျန်း...ဂျန်း...ဂျန်း"ဟူး....တလောကလုံး ဆူညံသွားတာပဲ။
- ဆူညံသွားသော်လည်း အခုမှ စိတ်အေးကာ ပျော်ရွှင်နေမိတေ့သည်။ သို့သော်.... များမကြာပါ....ကျနော့စိတ်ထဲတွင် မေးခွန်းတခုပေါ်လာသည်။
- ဒီည ဒီဇယ်ဆီ...လောက် ကော...လောက်မလား...ပေါ့။
- လူပ်ရှားနေသော မီးစက်ကို ကျောခိုင်းပြီး၊
- မီတာ ဘုတ်ခုံ ရှိရာ၊ ဧည့်ခန်းဘက်သို့ ထွက်လာလိုက်သည်။
- စက်ပစ်ကုန်း (မကြူ‌ကောင့်) မီတာ၊ ခလုတ် ဖွင့်လိုက်သည်။
- တစ်ချိန်ထဲမှာ အပိုင်း - ၂ ခလုတ် ဖွင့်လိုက်သည်။
- ပြီးတော့ တပ်ကုန်း ၊ နာဇရက်၊ ဒူကထောင်...ခလုတ်ဖွင့်လိုက်တော့သည်။
- ကျနော် ဖွင့်လိုက်သော အခါ ဂျင်မာ စက်သံမှာ ပြောင်းလဲသွားသည်။
- အဖိုးက ပြေးလာကာ၊ Ah Dung.....မီးခိုးတဲ့အိမ်ရှိတယ် ထင်တယ်၊ မီတာ ကောင်းကောင်းကြည့်....နော်...ဟုပြောသည်။ မင်းအဖေလာရင်...ပြန်စစ်ခိုင်းရမယ်...။
- ဟုတ်ကဲ့။ ကျနော်လည်း... ကြည့်နေပါတယ်....အဖိုး...လို့ပြောလိုက်သည်။ (တကယ်တော့ ဘယ်အိမ်က လျှပ်စစ်မီး...ခိုးယူနေသလဲ...ကျနော် မသိပါ၊ သို့သော် ကျနော်....သိသလို၊ ပုံစံနှင့်....အဖိုးကို...ဆရာကြီးလုပ်လိုက်သည်။ ငိငိ)
- ည ၈း၀၀ နာရီထိုးတော့၊
- ဘယ်အိမ်မှာ မီးမလာဘူးလဲ၊ မီးပျက်သလဲ....လိုက်စုံစမ်း၊
- ပလေယာ ကိုင်၊ လမ်းလျောက်၊
- မီးမလာတဲ့ အိမ်းအနားက သစ်ပင်ပေါ်တက်၊
- ခါချဉ်အုံနဲ့ တည့်တည့်တိုး။
- မကိုက်နဲ့ အုန်းလို့ ဆု‌တောင်း...ငိငိ။
__________________
- ဒီလိုနဲ့....တစ်ညတော့ ၊
- ကျနော် တိတ်တခိုး Crush နေတဲ့ ကောင်မလေးအိမ်ရောက်ရှိသွား၊
- အိမ်ရှေ့ တံခါးမကြီးကို တွန်းဖွင့်၊ မရ။
- အိမ်ရှင်တို့.....Nta madu ni...Nta madu ni...အော်ပြော။
- လူငယ်တစ်ယောက်ထွက်လာ၊ တံခါးဖွင့်ပေး။
- အိမ်ထဲဝင်လာတော့...ဝိုး...အိမ်က...အကြီးကြီးပဲ
(ကြီးလိုက်တာ..ကျနော်တို့ အိမ်ရဲ့ ၅ ဆ လောက်ကြီး)
- ဝါယာကြိုးမှာ လျှပ်စစ် မီး ရောက်မရောက်၊
- ဝါယာကြိုး အနီနဲ့ အနက်ကို ရှော့တိုက်...စမ်းသပ်နေတုန်း....
- သူမ အသံကြားရတာနဲ့ တင်၊ ရင်တွေ တစ်ဒိတ်ဒိတ်ခုန်၊
- ကျနော်....ညစာ (ထမင်း) မစားရသေးသော်လည်း ဗိုက်ပြည့်သွား။
- မှောင်မှောင် မည်းမည်း (အလင်းရောင်) မရှိသော် လည်း
- ပတ်ဝန်းကျင် တစ်ခုလုံး ကို မြင်တွေ့နေရ၊
- မျက်နှာကျက်အနား...တက်၊
- ၂ ပေ မီးချောင် (ချုပ်) လဲ ပေးလိုက်တော့
- ဧည့်ခန်း တစ်ခုလုံး လင်းထိန်သွား၊
- သူမကို မကြည့်ရဲပဲ၊ စကားပြော။
(ဘာကြောင့် မကြည့်ရဲတာလဲ အခုထိ နားမလည်သေးဘူး)
- ဧည့်ခန်း မီးလင်းရော၊ TV က ဖွင့်လာတယ်။
- TV လည်း သုံးတာလားလို့ မေးတော့,,, အင်း အဲဒါလေ၊ မင်းတို့ကို မပြောမိသေးဘူး။ TV ဝယ်လာတာ မကြာသေးတော့လေ။ ဟု....ပြော။
(တစ်ကယ်တော့ TV ကို ခိုးကြည့်နေတာပါ..ငိငိ)
- ကျနော် လည်း အသင့်ပါလာတဲ့ ပလေယာနဲ့ TV ဆက်ထားတဲ ဝါယာကြိုး ဖျက်ပေးလိုက်တယ်။
- အိမ်ပြန်လာ၊ တစ်ညလုံး သူမအကြောင်းတွေး၊
- ဒီလိုနဲ့ အိပ်ပျော်သွား။ အိမ်မက်မှာ ပြန်ဆုံ။ ငိငိ...ဟားဟား။
___________________
- ယခုလို၊ တနင်းဂနွေ...Sunday မနက် 8:00 A.M ဆိုရင်၊
- အိမ်က မီးစက်က နိုးနေပြီ၊ ပွဲတော် နေ့ဆိုရင် နေ့လည် ၁ နာရီ အထိ (အကြာကြီး) မီးစက် နိုးထားတာ။
- အစက၊ ကျနော်ထင်ခဲ့တာ၊ ကျနော်တို့ ဘုရားကျောင်းက ဒီဇယ် မဝယ်နိုင်လို့များလားပေါ့။
- ဘယ်ဟုတ်မလဲ၊ အိမ်က ဘိုးတော် ၊ ဆြာကြီးက ဘုရားကျောင်းအတွက် Sunday နေ့တိုင်း....လျှပ်စစ်မီး Donation အလှူပြုခြင်းဖြစ်တယ်ဆိုပဲ။
- Nawku Jawng Line....ဘုရားကျောင်း ဆိုပြီး၊ မီတာ ဘုတ်ခုံ တောင် သီးသန့် လုပ်ထားတာနော်..ငိငိ။ (မြစ်ကြီးနား မြို့တွင် ဘူးဂါး လျှပ်စစ်မီး မရှိသေးတော့ EPC လျှပ်စစ်မီး (ခရမ်းချဉ်သီး ကဲ့သို့) မိန်မိန်လည်း... မီးလင်းနေသော ကာလ တွင်ဖြစ်သည်)
- ရှိသေးတယ်....Pastor, hpung up , hpung sara, hpung tau တွေ ဆိုရင် အလကား (Free Fees) မီးပေးတာတဲ့။ ကျနော် လုံးဝ (လုံးဝ) နားမလည်ဘူး။
______________________
- အဲဒီလိုနဲ့........
- ခရစ်စမတ် အချိန်ရောက်လာတော့ ကျနော် အရူးတလိုင်း...ထဖောက်ပြီပေါ့။
- ခရစ်စမတ် မီးသီး၊ မီးလုံး၊ မီးဆိုင်း လျှပ်စစ်ကြိုးတွေကို ဘုရားကျောင်း နောက်ခန်းက ရှာတွေပြီး၊ Ah Hpuk ကို ပြောပြီး ကျနော် တို့ ဘုရားကျောင်းဝန်းထဲရှိ ထင်းရှူးပင် ၃ ပင်ပေါ်... တက်၊ တစ်နေ့လုံး မီးလုံးဆင်လိုက်တာ...
- ညရောက်တော့ မီးစက်က အသံတစ်မျိုးပြောင်းသွားတယ်။
(အဖိုးကပြောတယ်၊ ဟော....မီးစက်အသံကြားလား.....ဒီည တစ်မျိုးပဲတဲ့၊ အိမ်တစ်အိမ်က မီးပြန်ခိုးပြီလားတဲ့...ဟေဟေ)
- တစ်ကယ်တော့ အင်မတန်မှ လှပနေတဲ့ ခရစ်စမတ် မီးလုံး တွေကြောင့်ဆိုတာ....ကျနော်.....တစ်ယောက်ထဲ သိနေခဲ့တယ်လေ....။
-အဲဒီအကြောင်း.....အဖိုးကို မပြောပြခဲ့ရဘူး၊ ဟုတ်တယ်....အဖိုးကလည်း....စျေးရောင်းပြီး၊ နေ့တိုင်း....အလုပ်ရူပ်နေတယ်ဆိုတော့လေ။ ငိငိ
Dum ai...Ah Ji , love you!!!
ဒီဇင်ဘာ- ခရစ်စမတ်ပွဲ ကို ကောင်းကင်နိုင်ငံမှာ
ပါဝင်ဖို့ရန်ရောက်ရှိနေသော အဖိုးကို သတိရလျှက်။

မှတ်ချက်များ

၃ နာရီ 
အများမြင် 

No comments:

Post a Comment

အဲဒီလို..အဲဒီလို.....နားမလည်မူများစွာနှင့် Ah Dung

  - ည ၇:၀၀ နာရီထိုးတော့၊ ဂျင်မာ (ဂျင်ဒေါင်း တရုတ်မီးစက်) ၁၈ ကောင် ၊ - ဒိုင်နမို ၈ ကီလို....ကို ဂေါက်သံနဲ့...ကျနေ် ၁၀ ပတ်လောက် ချုပ်ဆွဲဲဲပြီ...